top of page
Search

လှပတဲ့ ပန်းခြံလေးဖြစ်ဖို့ အချက် (၄) ချက်

  • Writer: Win Hmue
    Win Hmue
  • Feb 5, 2020
  • 1 min read

ကောင်းမွန်တဲ့ မြေဆီ

ပန်းပင်ပဲဖြစ်ဖြစ် သီးပင်စားပင်ပဲဖြစ် ကောင်းမွန်တဲ့မြေဆီလိုအပ်ပါတယ်

ဖွဲ ၃ဆ သဲ ၁ဆ နဲ့ အချိုးကျပေါင်းစပ်ပြီး မြေဆီအလွယ်တကူစပ်နိင်ပါတယ်

ဘယ်နေရာတွေမှာစိုက်သင့်သလဲ

အပင်တွေမှာ နေရောင်ခြည်တိုက်ရိုက်ထိတွေ့ပြီးစိုက်လို့ရတာနဲ့ အရိပ်ထဲစိုက်လို့ရတဲ့ အပင်ဆိုပြီးနှစ်မျိုးရှိပါတယ်

ထို့ကြောင့် နေရောင်မခံနိင်တဲ့အပင်ဆို အခန်းတွင်း ၀ရံတာလောက်မှာသာစိုက်သင့်ပြီး

နေရောင်ခြည်မဖြစ်မနေလိုအပ်တဲ့ အပင်ဆို ခြံထဲပဲဖြစ်ဖြစ် နေရောင်တိုက်ရိုက်ထိတွေ့တဲ့နေရာတွေမှာသာ စိုက်သင့်ပါတယ်

ဘယ်လိုအပင်မျိုးစိုက်မလဲ

  1. အစေ့နဲ့ပျိုးမလား မျိုးစေ့နဲ့ စိုက်ပျိုးရင် ရှင်သန်နိင်စွမ်း ၅၀ရာခိုင်းနှုန်းရှိပါတယ်

  2. အစေ့ပေါက် ပျိုးပင်လား အစေ့ပေါက်ကျတော့ အမြစ်ထွက်လာပြီမလို့ ၇၀ ရာခိုင်နှုန်းလောက်ရှိပါတယ်

  3. ၃လသားအထက်အပင်များ ဒီအပင်တွေကျတော့ နည်းစနစ်မှန်မှန်ကန်ကန်နဲ့စိုက်ရင် ရှင်နိင်ချေ ရာနှုန်းပြည့်ရှိပါတယ်

ဘယ်အချိန် ဘယ်ရာသီဥတုမှာစိုက်သင့်သလဲ

ပုံမှန်မြန်မာပြည်ရာသီဥတု အနေအထားနဲ့တော့ မိုးတွင်းသည် စိုက်ပျိုးရန်အကောင်းဆုံးအချိန်ဖြစ်ပါတယ်

ဆောင်းတွင်း တွင်လည်း စိုက်ပျိုးနိင်ပြီး သေချာဂရုစိုက်ပျိုးသင့်ပါတယ်

နွေတွင်းကတော့ အလွန်ပူလို့ သတိထား ပြီးစိုက်သင့်ပါတယ်


နောက်နောင်များတွင်လည်း ပန်းပင် အပင်နဲ့ ပတ်သတ်ပြီး ပို့စ်လေးတွေ တင်ပေးသွားမည်ဖြစ်ပါသဖြင့် like and share လုပ်ချင်ဖြစ် အားပေးကျပါဦးလို့

 
 
 

Comments


+959962770635

©2019 by Laurel Floral Shop. Proudly created with Wix.com

bottom of page